မြန်မာ့မီးရထားပို့ဆောင်ရေးသိပ္ပံ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေဟု သမ္မတကြီး ပြော
One News
Nov 19, 2026
မိတ္ထီလာမြို့ရှိ ဗဟိုပို့ဆောင်ဆက်သွယ်ရေးသင်တန်းကျောင်းကို မြန်မာ့မီးရထားပို့ဆောင်ရေး သိပ္ပံအဖြစ် အဆင့်မြှင့်တင်ပြီး သုံးနှစ်သင်တန်းတွေ ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်နေတယ်လို့ နိုင်ငံတော် သမ္မတကြီး ဦးမင်းအောင်လှိုင်က ပြောပါတယ်။
နိုဝင်ဘာလ ၁၈ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အ စည်းအဝေးမှာ နိုင်ငံတော်ရဲ့ မူဝါဒတွေ၊ ရှေ့ဆက် လက် ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ မိန့်ခွန်းပြောကြားရာမှာ နိုင်ငံတော်သမ္မတကြီးက အခုလို ထည့်သွင်း ပြောကြားခဲ့တာပါ။မြန်မာ့မီးရထားလုပ်ငန်းဟာ နှစ်ပေါင်း ၁၅၀ နီးပါး သက်တမ်းရှိလာပြီ ဖြစ်ပေမယ့် ရထားပို့ဆောင်ရေးဆိုင်ရာ အရည်အသွေးနဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုတွေမှာ လိုအပ်ချက်တွေ ရှိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။အရင်က ရထားတွဲတွေကို ပြည်ပနိုင်ငံတွေကနေ ဝယ်ယူတင်သွင်း အသုံးပြုခဲ့ရပေမယ့် ပြည်တွင်းမှာ ရထားတွဲ တည်ဆောက်ထုတ်လုပ်နိုင်တဲ့ စက်ရုံနဲ့ အခြေခံစွမ်းဆောင်ရည်တွေ ရှိတဲ့အတွက် ပြည်တွင်း အင်ဂျင်နီယာတွေရဲ့ နည်းပညာစွမ်းရည်ကို အသုံးချပြီး ရထားတွဲတွေကို ပြည်တွင်းမှာ ကိုယ်တိုင် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတကြီးက ပြောပါတယ်။
သင်တန်းတွေကတစ်ဆင့် ရထားလမ်းဆိုင်ရာ နည်းပညာ၊ စက်မှုအင်ဂျင်နီယာနဲ့ အုပ်ချုပ်မှုဆိုင်ရာ ပညာရပ်တွေ မှာ ကျွမ်းကျင်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ မွေးထုတ်ပေးနိုင်ဖို့ ရည်ရွယ်ထားပြီး မြန်မာ့မီးရထားကဏ္ဍ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရှင်တွေ၊ ကျွမ်းကျင်ဝန်ထမ်းတွေ မွေးထုတ်ပေးတာအပြင် သုတေသနလုပ်ငန်း တွေကိုလည်း အလေးထား ဆောင်ရွက်ကြဖို့ လိုတယ်လို့ နိုင်ငံတော်သမ္မတကြီးက ပြောပါတယ်။ဒါ့အပြင် ရထားလမ်း၊ ရထားတွဲ၊ စက်ခေါင်းနဲ့ ပို့ဆောင်ရေးစနစ်ဆိုင်ရာ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်နိုင် ဖို့အတွက် ရထားသုတေသနဌာနတစ်ခုကို ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ အဲဒီဌာနကတစ်ဆင့် ရထား ပို့ဆောင်ရေးဆိုင်ရာ နည်းပညာနဲ့ လုပ်ငန်းစဉ်တွေကို လေ့လာသုတေသနပြုပြီး လိုအပ်တဲ့ တိုးတက်ပြောင်းလဲ မှုတွေကို အကောင် အထည် ဖော်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း နိုင်ငံတော်သမ္မတကြီးက ပြောကြားခဲ့ပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
တိုက်ကြီး၌ယာဉ်တိုက်မှု ယာဉ်မောင်းတစ်ဦး သေဆုံး
One News
Nov 19, 2026 10ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အိုးတန်းရပ်ကွက်၊ ရန်ကုန်-ပြည် ကားလမ်းမှာ နိုဝင်ဘာလ ၁၈ ရက်၊ ည ၁၁ နာရီလောက်က ယာဉ်တိုက်မှုဖြစ်ပွားရာ ယာဉ်မောင်းတစ်ယောက် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ကနေ သိရပါတယ်။